၁
ရာသီကား မိုးရာသီ၏
နောက်ဆုံးရက်ဖြစ်သည်။မိုးကုန်လို့ဆောင်းကူး မြောက်ပြန်လေမြူးကာ
တစ်မျိုးကြည်နူးစရာ ကောင်းနေသည်။ ဝသန္တ မိုးလရာသီ၏ နောက်ဆုံးနေ့ရက်မို့
ထင်ပါရဲ့ ကောင်းကင်မှာ မိုးတိမ်တွေညို့ကာ အညိုးနှင့်
ရွာမည့်အသွင်ဆောင်နေသည်။ သို့သော်..ရွာတော့ဖြင့်
မရွာ ။ဥတ္တရေလေပြ ညှင်းကလည်း ဟေမန္တဆောင်းရာသီ၏ အကြိုအနေဖြင့် လေပြေသွေးကာ
လူကိုချမ်စိမ့်စိမ့်ဖြစ်စေသည်။ အချိန်ကား တန်ဆောင်မုန်းလပြည့်နေ့ည ၊
တစ်မျိုးခေါ်ရသော် ဆေးပေါင်းခတဲ့ည ။ ဤညကို ဆေးပေါင်းခတဲ့ညဟု
ဟိုးယခင်ကတည်းကိုက အခုချိန်ထိတိုင်အောင် ခေါ်ဆိုခဲ့ကြသည်။နောင်ကို လည်း
ယခုကဲ့သို့ပင် ခေါ်ဆိုပေဦးမည်။ မှန်ပါသည် ။ ဆေးပေါင်းခတဲ့
တန်ဆောင်မုန်းလပြည့်ညဆိုရင် ကျနော် ပျော်သည်။ အထူးသဖြင့် ကျနော်တို့
မိတ္ထိလာမြို့ကလေးမှာ ပိုလို့ပင် ပျော်ရွှင်စရာကောင်းသည်။ ကျနော်ကဲ့သို့ပင်
မြို့သူမြို့သားများလည်း ပျော်ကြသည်။ ကန်ဦးရပ်ကွက် ဝမ်းတော်ပြည့်ဆရာတော်၏
ဓာတ်တော်ပူဇော်ပွဲ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပူဇ်ာပွဲမှာလည်း
ပျော်စရာကောင်းလှသည်။ သာ၍ပျော်စရာ ကောင်းသည်ကား ကျနော်တို့မိတ္ထီလာမြို့၏
အထင်ကရဖြစ်သည့် ကန်တော်ကြီး၏ ရေလည်ဘုရားတွင် ဆီမီးပူဇော်ရခြင်း ၊ကန်ထဲမှာ
ဆီမီးလွတ်ခြင်း ကြာပန်းလွတ်ခြင်းတို့ပင်ဖြစ်သည်။ ကန်ဘောင်ပေါ်မှာလည်း
သွားသူကသွား ၊ လာသူကလာ ၊ တစ်ချို့ကလည်း ကြာမီးပန်းတွေကြည့်နေကြ သဖြင့်
ကြိတ်ကြိတ်တိုးကာ စည်ကားနေတာ့၏ ။ တဖြေးဖြေးနှင့် အချိန်နှောင်းလာသဖြင့်
လူသူနည်းပါးလာ၏ ။ကျနော်လည်း တံတားပေါ်မှနေပြီး ကန်ဘောင်ဘက်ကိုမျက်နှာမူကာ
တစ်မျှော်တစ်ခေါ်ကြညှု့်နူးမဆုံးသော ကန်တော်ကြီးကိုကြည့်ပြီး
လေကောင်းလေသန့်ရူနေ၏ ။လပြည့်ညဖြစ်သဖြင့် ကောင်းကင်မှ ငွေလစန္ဒာမှာလည်း
ထိန်ထိန်သာနေ၏။ ကျနော်လည်း ကောင်းကင်းမှ လပြည့်ဝန်းကြီးကိုကြည့်လိုက် ၊
ကန်ရေပြင်ကိုကြည့်လိုက်နှင့်မှင်သက်မိနေသည် ။ နောက် စိတ်ကို လေနှင်ရာသို့
စေလိုက်သည်။” သြော်...ကောင်းကင်မှ လမင်းကြီးသည် နံနက်မိုးသောက်
အလင်းမရောက်မှိ လူသားအားလုံးအား စိတ်၏ ကြည်လင်အေးမြခြင်းကို
ပေးစွမ်းနိုင်သည် ။ မနုဿတ္တဘာဝေါ ဒုလ္လဘော ရခဲလှစွာသော လူ့ဘဝကို
ကျနော်ရလာခဲ့သည်။ ကျနော်လည်း လူသားအား လုံးကို နုတ်ဆက်မသွားခင်မှာ
လောကကြီးကို အကောင်းဆုံးနေပြသွားချင်သေးသည်။ကျနော်၏ အကောင်းဆုံး သော
နေခြင်းကို လောကကြီးအား သက်သေအရာ၌ တည်စေမည် ။ ကျနော်၏ အသက် ရှည်ခြင်း၌
လူလို အသက်ရှင်ရမည် ”။ ထိုအခိုက် အမျိုးသမီးတစ်ယောက်၏ ဆူးဆူးဝါးဝါး
အော်သံကို ကြားလိုက်ရတော့သည် ။
× × × ×
၂
'"တော်သေးတာပေါ့...သမီးလေးရယ် သူဇာရယ်..၊ မသေကောင်း မပျောက်ကောင်း' ဟိုသူငယ်သာ..မကယ်ရင် အမလေး..လေး .အမေတော့ ရင်ကျိုးရချည့်ရဲ့"
ဟု မိခင်ဖြစ်သူ ဒေါ်ခင်မြတ်နွယ် ဆိုလေသည်။
"သို့နှယ် သူငယ်လေးနာမည်က ဘယ်လိုခေါ်သလဲ သမီးကြီး" မမေးလိုက်ရဘူး..မေမေ
ညီမလေးသူဇာကို ရေထဲကဆယ်ပြီး ၊သူဘာမှ မဖြစ်ပါဘူး ၊ သတိလည်း မလစ်ပါဘူး" လို
့ပြောပြီးထွက်သွားတာပဲ မေမေဟု ခင်လေးသွယ် ပြောပြလိုက်သည်။ "ညည်းတို့အေ
ကိုယ့်အသက်သခင် ကျေးဇူးရှင်ကို ဘယ်မှာနေတယ် အသာထား နာမည်လေးတောင်
မေးဖော်မရဘူး" ဟု ပြစ်တင်ပြောဆိုလေသည်။ " ကဲ...သမီးတို့ ရေလည်ဘုရားကို
သွားဖူးကြမယ်" "ဟုတ်...မေမေ" လို့ ခင်လေးသွယ် ပြောလိုက်သည်။ ရေလည်ဘုရားသို့
ရောက်သောအခါ ဒေါ်ခင်မြတ်နွယ်သည် ကန်သမိုင်းကို ပြောပြလေ၏။
"သူဇာနွယ်...အလန့်တကြားနဲ့ အော်လေသည်..မေမေ..ဟိုမှာ ...ဟိုမှာ..။ "
"ဘာလဲ...သမီး.။" "သမီးရေနစ်တုန်းက ကယ်သွားတဲ့လူ..။ '"
"ဘယ်မှာလဲ..သမီးငယ်..။" "ဟိုမယ်လေ...မေမေ...အထက.၁. ကျောင်းနောက်ကျောက ကန်ပတ်လမ်းမှာ မယ်ဒလင်တီးနေတာလေ"
ဟု သူဇာနွယ်က ပြောလိုက်၏ ။ "ကဲ...သမီးတို့ ...ကျေးဇူးရှင် သူငယ်လေးဆီကို ...သွားကြမယ်" ဟု ဒေါ်ခင်မြတ်နွယ် ပြောလိုက်သည်။
" စွဲမိပါပေါ့×××ခင်ရယ်××× ချစ်လို့ကို×××ဘယ်မဝနိုင်တော့တယ်×××မပြောပဲနဲ့
××ကြားကြားမိတယ် မျက်စိထဲမယ်×××တဝဲလည်လည်×××မကြည့်ဘဲနဲ့
ကို×××အဆင်ပြေနေပြန်တော့တယ်××× အုန့်ပုန်းချစ်×××တစ်ရက်လောက်ချစ်ရတာတွေရယ်
×××လင်မယားချစ်×××တစ်သက်လိုက်လို့မမှီပါတယ်
ရွာပုံသာတယ်×××စဉ်းစားလေလေ×××မချိလေပါပဲ ခင်ရယ်×××ရာဇာဝင်းတင့်ရဲ့
အုန်းပုန်းချစ်သီချင်းကို ဆွေးမြှေ့သံဖြင့်သီဆိုနေ၏ ။
"အဟမ်း...အဟမ်း" ဟု ဒေါ်ခင်လေးနွယ် ချောင်းဟန့် သံပေးလိုက်သဖြင့် ရပ်သွား၏ ။
"သူငယ်လေးက အဒေါ်သမီးကို ကယ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်
ကွယ်.'"."ဟုတ်ကဲ့...ရပါတယ် အန်တီ...လူ့အသက်တစ်ချောင်းကို ကယ်ကောင်းပါတယ်
။အယ့်နေရာမှာ အန်တီသမီး မဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုရင်လည်း ကျနော်
ကယ်မှာပါ။"
ထိုအခိုက် သူဇာနွယ် မဲ့ပြုံး ပြုံးလိုက်သည်။
"ဒါနဲ့ သူငယ်လေး...နာမည်က ဘယ်လိုခေါ်သလဲကွယ့်...နောက် ဘယ်မှာနေတာလဲ... "
"ဟုတ်ကဲ့...ကျနော့်နာမည် ကိုကိုမောင်လို့ခေါ်ပါတယ် အန်တီ..။ကျနော် နဂါးရုံကျောင်းတိုက်ထဲက ဦးလေးဘုန်းကြီးကျောင်းမှာနေပါတယ်..။"
" သူငယ်လေး...ကျောင်းရော တက်သေးလား..။ "
"ဟုတ်...အန်တီ ကျနော် တတိယနှစ် မြန်မာစာအထူးပြုနဲ့တက်နေပါတယ်.."
"အော် ...ဒါဆို အန်တီိ သမီးငယ်သူဇာနဲ့တူတူပေါ့
ဒါနဲ့...ဒါ...အန်တိသမီးငယ်...သူဇာနွယ် တဲ့..၊ ဒါကတော့
သမီးကြီး...ခင်လေးသွယ်...လို့ ခေါ်ပါတယ်။ လူလေး...မှတ်ထားနော် ၊
လမ်းတွေ့လည်း နုတ်ဆက်ပါ...။"
" ဟုတ်ကဲ့ပါ..အန်တီ..ကျနော်မှတ်ထားပါ့မယ်"်ဟု ကိုကိုမောင် ပြောလိုက်၏ ။"
" အော်...ဒါနဲ့ ...အန်တီတို့အိမ်က ပထမလမ်းက..ရွှေအုန်းပင်စားသောက် ဆိုင်နားမှာကွယ့်...။လူလေး...အားတဲ့အခါ လာလည်ပေါ့ကွယ်.."
".။ဟုတ်ကဲ့..."ဟု ကိုကိုမောင် ခေါင်းညိမ့်ပြီး ပြောလိုက်၏ ။" ဒါဆို...အန်တီတို့ ပြန်အုန်းမယ်နော် ။"
"ဟုတ်ကဲ့ပါ..အန်တီ "။
"ဟဲ့...သမီးငယ်.နုတ်ဆက်လိုက်လေ..။"
" ဟို....ဟို....ကိုကိုမောင်...သူဇာတို့...ပြန်အုန်းမယ်နော် ။"
"ဟုတ်ကဲ့ပါ..."ဟု နုတ်မှမပြောသော်လည်း မျက်နှာလေးကို သေချာကြည့်ပြီး
ခေါင်းညိမ့်လိုက်၏ ။ ထို့နောက် ကိုကိုမောင်တစ်ယောက် ကြည့်ရှု၍ မဆုံးသော
ကန်ရေပြင်ကိုငေးမောရင်း ကျန်ရစ်နေတာ့သည် ။
× × × ×
၃
အတန်းဆင်းချိန်ဖြစ်သောကြောင့် တက္ကသိုလ်မိန်းထဲမှာ ကျောင်းသူကျောင်းသားတွေ
သွားလာလှုပ်ရှားနေကြသည်။ ကိုကိုမောင်နှင့် မောင်ဇော်ဝင်းတို့ 
သူငယ်ချင်းနှစ်ယောက်လည်း လမ်းလျှောက်ရင်း စကားပြောပြီး
နဂါးရုံကျောင်းဆီသို့ ပြန်လာသည်။ ထိုတွင် မောင်ဇော်ဝင်းက မေးလိုက်၏ ။ "
" ကိုကိုမောင် တက္ကသိုလ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်းဘယ်လို ဘာသာပြန်မလဲ..?။ ကိုကိုမောင်လည်းမောင်ဇော်ဝင်း အမေးကို တခဏတွင်းဖြေလိုက်၏ ။"
" တက္ကသိုလ်ဆိုတာ တက္ကသီလဆိုတဲ့ ပါဠိပုဒ်ဖြစ်တယ် ပါဌ်ပျက်အနေနဲ့ တက္ကသိုလ်လို
့ခေါ်တာ ၊ တက္က သီလဆိုတဲ့ ပါဠိဟာလည်း တက္ကတစ်ပုဒ် သီလတစ်ပုဒ်ပဲ ။ တက္ကပုဒ်ကအ
တွေးအကြံလို့ အဓိပ္ပ်ါယ်ရတယ် ၊ သီလကတော့ အကျင့် ၊ အလေ့အကျင့်လို့ 
အဓိပ္ပ်ါယ်ရတယ်။အ ဖြောင့်ဘာသာပြန်ရရင် အတွေးအကြံတွေကို
လေ့ကျင့်ပေးတဲ့နေရာဋ္ဌာနလို့ အဓိပ္ပါယ်ပြန်တယ် ၊ ဒါကိုပဲ ပါဠိပုဒ်ပျက်
အခေါ်အဝေါ်အားဖြင့် တက္ကသိုလ်လို့ခေါ်ကြတယ် ။ တကယ်တော့ တက္ကသိုလ်အထက်မှာ
ဘာမှမရှိရဘူး ၊ အစိုးရလည်း မရှိရဘူး ။ ပညာရှင်သာ ရှိရတယ် ။ ထိုအခိုက်
"တွီ...တွီ.."ဟူသော ကားဟွန်းသံ နှင့်အတူ အနားလာရပ်သည်။ " ကားမှန်ကိုချရင်း
သူဇာသည် ရှင်...ရှင်.ဟု ဆက်မပြောပဲ ထစ်နေသည်။"
" ဟုတ်ပါတယ်...ကျနော်
ကိုကိုမောင်ပါ"ဟု သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်သည်။ " ရှင် ညနေခင်း
ငါးနာရီးအားသလား ...ဟုတ်...ကျနော် အားပါတယ် ..ဟုပြောရင်း
သူဇာနွယ်မျက်နှာကို သေချာလေး စိုက်ကြည့်လိုက်သည်။ "
ဒါဆို...ကန်ပတ်လမ်းကို လာခဲ့ပါ့လား ကျမတို့ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့."
..ဟု သူဇာနွယ် ပြောလိုက်၏ ။ ဟုတ်ပြီလေ...ကျနော် လာခဲ့ပါ့မယ် ဟု
ကိုကိုမောင် ပြန်ဖြေလိုက်သည်။ " ဒါနဲ့ ရှင်..မယ်ဒလင် တီးတတ်တယ် မဟုတ်လား ၊
အင်းလေ...ကျနော် တီးတတ်ပါတယ် ဒါဆို...မယ်ဒလင်လည်း ယူခဲ့ပါလား ။
ရှင်ဆိုတာကို ကျမ နားထောင်ချင်လို့ပါ ။ "ကောင်းပြီလေ...ကျနော် ယူခဲ့မယ် ။"
" ညနေခင်း ...ငါးနာရီနော် မေ့မေနနဲ့ဦး ."..လို့ ပြောပြီး
ကားမောင်းထွက်သွားတော့သည်။ " ယဉ်မူရင်ယာ သူဇာနတ်လော၊ မြသူမောလို့ ၊
နွယ်ကျော့နုပျို ၊ခရာပိုငယ် ၊ တာလိုများသဘင် ၊ ရှု့တိုင်းသာယဉ်လော့ ၊
ငါးအင်ကျော့ စုံညီငယ် ၊ ဒုမ္မနီတော့တပါးဟာမို့ ရှားလှတယ်လေး"ဟု ကိုကိုမောင်
နုတ်မှညည်းကာ ကျန်ခဲ့လေတာ့၏ ။
× × × × ကိုကိုမောင်နှင့်သူဇာတို့
လမ်းလျှောက်စကားပြောပြီးနောက် ယူကလစ်ပင်မှ ကန်ထဲသို့ သွယ်ကျနေသာ
ရေသောက်မြစ်ပေါ်မှာ ထိုင်ပြီး စကားပြောနေကြပြန်သည်။ သူဇာသည် ထိုင်နေရာမှ
ထသွား၏ ၊ ကန်စ ရေကြည်ထဲမှ ကျောက်စရစ်ခဲကလေးပေါ်မှာရပ်ရင်း ခြေထောက်ကို
ကြည့်နေမိသည်။
"ကိုကိုမောင်...အမလေး...ရှင့်နာမည် ခေါ်ရတာလည်း မလွယ်ပါ့လားနော် ။ "
"ရပါတယ် သူဇာ အဆင်ပြေသလို ခေါ်ပါ ၊ ကိုကို လို့ပဲခေါ်ခေါ် ၊ ဟို...မောင်လို့ပဲခေါ်ခေါ်ပေါ့ ။ အဆင်ပြေတာကို ခေါ်နိုင်ပါတယ် ။ "
" အရေးထဲ..ရှင်က...အသားယူနေပြန်သည်."..ဟုပြော ကာ ကိုကိုမောင်မျက်နှာကို
သေချာစိုက်ကြည့်လိုက် သည်။ "ကျမ...ဟို...ကိုကို့ ကို ကျေးဇူးတင်ပါတယ်လို့
ထပ်ပြီးပြောပါရစေရှင် "
"။ သြော်...ကိုကိုပြောခဲ့ပါပြီကော ကိုကို
ကယ်လိုက်လို့ သူဇာ အသက်ရှင်သန်ခွင့်ရလာတယ် ။ဒါပေမယ့်  ...လူလို
အသက်ရှင်ရပ်တည်ဖို့ဆိုတာ လိုလိမ့်မယ်။ ဆရာကြီး ဦးအောင်သင်းက ပြောတယ် "
လူလိုအသက်ရှည်ဖို့ဆိုတာ တာဝန် သိရမယ် တာဝန် ယူဝံ့ရမယ် ၊ တာဝန်ဆောင်ရမယ် ၊
ဒီလိုပြောတယ် ။ တာဝန်သိရမယ်ဆိုတာက ကိုယ်ကျင့်ရမည့် တရား
၊ကိုယ်ကျင့်တရားကို ဆိုလိုတာပဲ ။ ဥပမာကွာ...မိဘက မိဘကျင့်ရမည့် တရားရှိသလို
သားသမီးလည်း သားသမီးကျင့်ရမည့်တရားရှိတာပဲ စသည်ဖြင့်ပေါ့ ဒါကိုပဲ
ကိုယ်ကျင့်ရမည့်တရား ကိုယ်ကျင့်တရားလို့  ဆိုတာပဲ သူဇာ"
။"လေးနက်စွာပြောနေသာ ကိုကိုမောင်ကိုသူဇာ သေချာစိုက်ကြည့် မိပြန်သည်။ နောက်
တာဝန်ယူဝံ့ရမယ် ...ဒါတော့ ရှင်းပါတယ် ၊ သတ္တိကိုပြောတာပဲ ။
သတ္တိရှိမှသာလျှင် တာဝန်ကို ယူရဲတာ။ တာဝန်ဆောင်ရမယ်ဆိုတာ ပညာကိုပြောတာပဲ ။
ပညာတတ်မှ ပညာရှိမှ တာဝန်ကို ဘယ်လို ကျေပွန်စွာ ဆောင်ရမည်ဆိုတာ
နားလည်နိုင်တာပဲသူဇာ ။" အခုပြောခဲ့တဲ့ သုံးချက်ဟာ လောကီ
ဘက်ကနေကြည့်ပြီးပြောတာနော် ။ တစ်ခါ လောကုတ္တရာဘက်ကနေ ပြန်ကြည့်ရင် သီလ၊
သမာဓိ ၊ ပညာကို ဒီသုံးချက်ပါပဲ ။ သူဇာတစ်ယောက် အံ့သြဟန်ဖြင့်
ကြည့်မိပြန်သည်။
" ကိုကိုက လောကုတ္တရာတွေ လည်း သိတာပဲနော် ။"
" ကိုကို ငယ်ငယ်က အဘိဓမ္မာကို တစ်ခေါက်ပေါက်အောင် သင်လိုက်ရတယ် ။ သူဇာသည် စကားကို အဆက်စပ်မရှိပဲ ပြောလိုက်သည်။
"ကိုကို သူဇာတို့ မိတ္ထီလာကန်ကြီးက အံ့သြစရာ ကောင်းတယ်နော် ။ "
"ဟုတ်တယ်...သူဇာ ၊ ကြိုးကြာရေသောက် ရေမနောက် မပေါက်ရွှေကြာ မိတ္ထီလာ..၊
မကျည်းတစ်ဆစ် ပေတရစ် ၊ နဂါးရေသောက် လူတစ်ယောက် နဂါးရေမြုပ် လူတစ်အုပ်
."..ဟု ကိုကိုမောင် မနားတမ်းပြောလိုက်သည်။ပိုပြီး.အံ့သြစရာကောင်းတာက မြောက်ဘက်ကန်နှင့် တောင်ဘက်ကန် ရေချင်းဆက်စပ်နေပါလျက်
မြောက်ဘက်ကန်သည် ရေနှောက် ၊ တောင်ဘက်ကန်သည် ရေကြည်ပဲ..".ဟု
ကိုကိုမောင်ပြောနေပြန်သည်။ ထို့နောက် မယ်ဒလင်ကောက်ကိုကင်ာ
သီချင်းဆိုတော့သည်။ "ချစ်သူ×××ခင်ခင်ပျိုရယ်×××မေတ္တာတော်ကဲ×××စွဲမိ
ပေါ့ကွယ်×××ခင့်ရူပါ×××အလှကလေးရယ်ကြောင့်
ခဏေလးတောင်×××မှေးစက်မပျော်နိုင်းအားတယ်× ××ရုပ်ချောသူရယ်×××
လှရှာပါပေ့ကွယ်×××ခင်ခင်ရယ်×××ကြင်ကြင်ရယ်× ××ကောင်းခြင်းငါးဖြာကြွယ်×××။
အသားတော်××× ဖြူပါလှတယ်×××စကားနော်×××ကြူကာမှကွယ်××
×အသနားခံတယ်×××ချစ်ခင်ပါလားလို့ ဆိုချင်တယ်
အပျိုခင်ရယ်×××ရေလည်အောင်×××မောင်ကြံရွယ် သဘောကရယ်×××မနောကကြွယ်
ယုံကြည်စွာပဲ မျှော်လင့်မိပါတယ်×××စေတနာထားပါတော့ကွယ်×
××အလှဖြူပြာ×××သူဇာခင်ခင်ရယ်×××
မြတ်နိုးသူရယ်×××ချစ်မိုးစွေခဲ့တယ်×××ဘုံကြိုးပြတ် တဲ့
ဒေဝီနတ်မျိုးနွယ်×××သြော်×××မျက်မာန်တော် ငြိုးပါနဲ့××× မျှော်ကိုသူ
×××စောင့်စားလို့သာ ×××မောင့်မှာနေမိတယ်×××ခင်ပျိုနှမရယ်×××ပင်ကိုယ်လှတယ်
ရွှေအားတော်ငယ်×××သနားစိတ်နဲ့×××
ချစ်စမ်းပါကွ ယ်×××။ သူဇာတစ်ယောက်
ကိုကိုမောင့် သီချင်းဆိုသံထဲမှာ နစ်မျှောနေတော့သည်။
×××××××××××××××
ကန်ရေပြင်ကိုပွတ်တိုက်လာတဲ့ လေနုအေးက သူတို့နူစ်ဦးကိုခွဲနိုင်မည်မထင်။
ကိုကိုမောင်သည် သက်ပြင်းမောကို ရှည်လျားစွာချရင်း သူ့ရင်ခွင်ထဲက
သူဇာကိုငုံကြည့်ရင်း သနားဂရုဏာသက်စွာ သူဇာရယ် ဟုဖွဖွညည်းမိလေ၏။ သူတို့
ချစ်သူသက်တမ်း သုံးလစွန်းစွန်းကိုရောက်ခဲ့ပီ။ တခါတရံ
သူတို့အတန်းချိန်ပီးတိုင်း ဒီကန်ဘောင်လေးမှာ လာထိုင်နေကျ။
ချစ်သူသက်တမ်းကြာလာတာနှင့်အမျှ သူသည် သူဇာကို အသဲပေါက်မတတ်ချစ်မိလေပြီ။
သို့ပေမဲ့ ကံကြမ္မာကသူကို မျက်နှာမပေး.. သူတို့အကြောင်းကို သိသွားတဲ့
သူဇာအမေကြီးက ခါးခါးသည်းသည်းကိုငြင်းလေသည်။ သူသည်လည်း မပြည့်စုံတဲ့ ဘဝထဲကို
သူဇာ့ကိုမခေါ်ရက်ပါ။
သူရင်ခွင်ထဲက သူဇာ့ခန္ဓာကိုယ်လေးသည် ရှ်ိုက်သံမထွက်သော်ငြား တသိမ့်သိမ့်တုန်လျက်ရှိသည်။
"မငိုပါနဲ့ သူဇာရယ်..ကိုယ်တို့ဘဝတွေက ဒီလိုဖန်လာမှကိုး.."
ဟင့်အင်း...သူဇာတော့ကိုကိုနဲ့ မခွဲနိုင်ဘူး ကိုကိုရယ်...အဲဒီလိုသာဆိုရင်..သူဇာတော့ရူးမှာပဲ"
သူသည် သူဇာကိုဘယ်လိုနူစ်သိမ့်ရမှန်းမသိ။ သူနဲ့သူဇာ ဒီဘဝမှာဆုံစည်းဖို့ဘယ်လိုမှမဖြစ်နိုင်သည်လား...။
"မင်းနဲ့ကွယ်.. အမဲရိုးနယ် ဟင်းအိုးမှအားမနား..အသက်ကယ်ဖူးတာကို အကြောင်းပြပီး ..အခွင့်ကောင်းယူတာလားဟင်..
"
သူရှေ့က သူဇာအမေကြီး မျက်နှာမှာဒေါသဖြင့်ရဲရဲနီဆွေးလျက်...
ဒီမနက် သူဘုန်းကြီးကျောင်းဝန်းအတွင်းဝေယာဝစ္စအ ချို့လုပ်ကိုင်နေတုန်း သူဇာအမေရောက်လာပြီး ထိုစကားတွေကိုပြောဆိုနေခြင်းဖြစ်သည်။
မင်းပိုက်ဆံဘယ်လောက်လိုချင်သလဲပြော.. ငါထုပ်ပေးလိုက်မယ်..
အေး..ဒါပေမဲ့ ငါ့သမီးအနားမှာတော့ မင်းကိုမမြင်ချင်ဘူး.."
"ကျနော့်..ပိုက်ဆံမမက်ပါဘူးအန်တီ.. ကျနော့်မာန ကျနော့်ပညာနဲ့ သူဇာကို ဝမ်းဝအောင်ကြွေးနိုင်ပါတယ်"
"ဟားဟား.. ရယ်ရသကွယ်..လောကကြီးမှာ ဝမ်းရေးအပြင်
လူတောထဲဝင်ဆန့်ဖို့အရေးဆိုတာတွေအများကြီး..
အေးလေ..ဒါတွေပြောနေလည်းအပိုတွေဖြစ်တော့မှာပေါ့..
မင်းက ဒီလိုအဆင့်ပဲသိတာကိုး"
"ငါရှည်ရှည်မပြောချင်းဘူး..မင်းရှေ့ဆက်မတိုးပါနဲ့ ကိုကိုမောင်ဒါပဲံပြောချင်တယ်"
ပြောချင်ရာပြောပီးထွက်သွားတဲ့ သူဇာ့အမေရဲ့
နောက်ကျောကိုငေးကြည့်ရင်း..သြော်... လူဝင်ဆံ့ခြင်းဆိုတာ
ဒါမျိုးကိုခေါ်တာလားဟု ဝမ်းနည်းစွာတွေးတော့၏။
သူလက်ထဲမှာ သူဇာဆီက သူဇာ့ကို ဒီညလာခိုးပါဟု ရေးသားထားတဲ့စာကလေး..။
"အော်..သူဇာလေးရယ်..ကိုကို့ကိုသိပ်ချစ်တာပါပဲလားလို့
အတွေးနဲ့ကျေနပ်မိသော်လည်း တဖက်က မပြည့်စုံတဲ့ဘဝထဲဝင်လာမည့်
ချစ်သူအတွက်စိတ်မကောင်းဖြစ်ရသေးသည်။ ဒီည သူဇာကိုသွားခိုးဖို့
စီစဉ်စရာရှိတာစီစဉ်ရအုံးမည်။ ခက်သွက်သွက်လှမ်းလာတဲ့ သူခြေလှမ်းတွေကို
တစုံတယောက်ကတားစီးလိုက်သည်။ လှည့်ကြည့်လိုက်တော့ ဘဘုန်းကြီး..
"ဒကာလေး.."
"တင့်ပါ့ဘုးရား.."
"ဒကာလေး..ကျောင်းသွားနေတုန်း ရွာကလူကြုံလာတယ်ကွဲ့ ..ဒကာလေးရဲ့ အမေ အတော်မကျန်းမာနေလို့ ဒီနေ့ပဲရွာကို ဆင်းခဲ့စေချင်တယ်တဲ့"
ကြားလိုက်ရတဲ့စကားကြောင့်စိုးရိမ်စိတ်ကငယ်ထိပ်တတ်စောင့်တယ်။ ဘုရား..ဘုရား..အမေဘာမှမဖြစ်ပါစေနဲ့..
သူဘဝတွင် တွယ်တာစရာဆိုလို့ဒီအမေတယောက်ရှိတော့သည်။ သူဘာလုပ်ရမည်နည်း.. တဖက်ကအမေ ..တဖက်ကချစ်သူ..
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပြီထင်။ ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာတပုဒ်ကို နူတ်မှထွက်၍ ရေရွတ်မိတော့၏..
ရေပြာပြာ..လတာပြင်ခြေရင်း
လှိုင်းတတ်ရာဗေဒ့ါတတ် လှိုင်းသက်ရာဆင်း..ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေရေပေါလော မြောဆုံလို့လာ
အဆင်းနဲ့ အလာ
ဗေဒါနှမထွေး အုန်းလက်ကြွေသူနံဘေး
ဆောင့်မိရသေး...
ဟုတ်တယ်... ရေဆုန်ကဆင်းလာတဲ့အုန်းလက်ကြွေနဲ့ အဆန်အတိုင်းတတ်မဲ့ မဗေဒါလိုအဖြစ်မျိုးပါတကား..။
အစားထိုးမရတဲ့ မာတာမိခင်နေရာမှာတော့ သူဇာကိုအစားမထိုးနိုင်ပါ။ သံသရာတကွေ့ကွေ့မှာ ကံမကုန်ရင်တော့ ပြန်ဆုံကြသေးတာပေါ့သူဇာရယ်။
ဒါပေမဲ့ သူဇာအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက ဟောဒီ မိတ္ထီလာကန်ကြီးရှိနေသ၍
တည်ရစေပါမယ်။ င်္ိဟောဒီမိတ္ထီလာကန်ကြီးကို သက်သေတည်ခဲ့ပါတယ်။ကိုယ့်ကို
ခွင့်လွှတ်ပါတော့ချစ်သူရယ်..ခွင့်လွှတ်ပါတော့ကွယ်......
ပြီးပါပြီ
ရာဇဖွား
No comments:
Post a Comment