မဆုံးသေးသောအလွမ်းများ
နွေဦးမှာကြွေလွှင့်
သခင့်ကို လေရူးတွေနဲ့အတူ
ခေါ်ယူသွားပြီပေါ့?.,.။
နေမွန်းတည့်ချိန်မှာ
ငါတို့ရဲ့ နေမင်းကြီးကွယ်ပျက်လို့
ရင်ထဲမှာ ဗလောင်ဆူပွက်
ပူချက်ကယ် နေဆယ်စင်း
အံမယ်မင်း သခင့်ကို
ဘယ်လိုငြိုးမာန်ရယ်သူဖွဲ့လို့
ပြုခဲ့တာလည်းကွယ်....။
တပေါင်းလ မိန်လရာသီကို နွေဦးလို့
ခေါ်ဆိုရမည် ထင်ပါရဲ့ ။ နွေဦးမှာ
လေရူးတွေကလည်းမြူး သစ်ရွက်
ခြောက်တွေဟာလည်း လေနှင်ရာကို
စေလို့ပေါ့ ။ ဥသြတွေကလည်း
တေးဆို ။ လွမ်းစရာကောင်းလိုက်
တာဗျာ။ ဘယ်သူ့ကိုလွမ်းရမှန်းမသိ
လွမ်းစရာလည်း မရှိနဲ့ စိတ်တွေဟာ
မသီကုံးထားတဲ့ ပန်းတွေလို ။ မသီကုံးထားတဲ့ ပန်းတွေဟာ အရပ်
လေးမျက်နှာမှ တိုက်ခတ်လာသော
လေကြောင့် ဖရိုဖရဲကြဲသလို နွေဦး
လေရူးသလို ကျွန်ုပ်လည်း ရူးချင်
သလိုလို ။ တစ်နေ့မှာကြားရတဲ့
သတင်းကြောင့် နွေခေါင်ခေါင်
နားရင်းကို မိုးကြိုးပစ်ခံရလိုက်သလို
ပါပဲ ။ ကျွန်ုပ်တို့နေမင်းကြီးကွယ်သွား
ပြီတဲ့ ။ နေမွန်းတဲ့ချိန်မှာ နေမင်းကြီး
ကွယ်သွားပြီဆိုတော့ ကျွန်ုပ်အပါဝင်
အားလုံးတို့၏ မျက်ဝန်းတွေမှာ
ဘယ်နေရာကြည့်လိုက်လိုက် မှုန်ဝါး
ဝါးသာ ။တစ်နေကွယ်သေနယ်သို့
တစ်ခါကူးတဲ့။
နေမကွယ်ခင်မှာ သေနယ်သို့ကူးရော့
သလား သခင် ။ သေမင်းရယ်...
သခင့်ကိုမှ ( အံမယ်မင်း )သခင့်ကိုမှ
ခေါ်ရသလားကွယ်။ ကျွန်ုပ်ဘဝ
သခင့်ကို ဘယ်တော့မှ မေ့ပျောက်
လို့ရမည် မဟုတ်တော့ပါ။ ကျွန်ုပ်နဲ့
သခင် တစ်ကြိမ်သာ မျက်နှာခြင်းဆိုင်
တွေ့ဆုံခဲ့ဖူးပါသည်။ ထိုတွေ့ဆုံခြင်း
သည်ပင်လျင် ကျွန်ုပ်၏ အတိတ်က
လွမ်းစရာအဖြစ် ကျန်ရစ်နေပါသည်။
ကျွန်ုပ် လွမ်းနေဦးမည်။
ဒီဘဝနဲ့အမျှ လွမ်းနေပါဦးမည် ။
`
ရာဇဖွား
No comments:
Post a Comment