နေညိုညို
ပြည်ပဟိုရ်စည်သံများကိုတဲ့
မကြားရကြာလေပြီ....
ဟုတ်တယ် ကြာခဲ့ပြီ
ကြာခဲ့ပါပြီကွယ်
ဇာနည်ဘွားဦးအောင်ဇေယျရယ်က
ရန်ကြီးအောင်ကုန်းဘောင်ခမယ်တဲ့
ရတနာသိင်္ခ မုဆိုးဘို
ရွှေဘိုရယ်ကတစ်ဖြာ
ငါးမည်ရတဲ့ပြည်ရွှေဘိုကို
ဝါးရင်းတုတ်စွဲကိုင်ကာ
တတိယမြန်မာနိုင်ငံတော်
သူ....တည်ထောင်နိုင်ခဲ့တယ်
နေဝင်ချိန်ငှက်လေးများရဲ့
တေးသံချိုချိုကိုရောက်ဖူးသူတိုင
သိကြပါလိမ့်မည် အဲ့ဒါ ရွှေဘိုလေ
ပင်ထန်းတောရယ်ကအုံ့စိုင်းဝေဖြာ
သူတစ်ခါ ငါတစ်လှည့်နဲ့
ဆွေသဟာမိတ်အပေါင်းရယ်တို့
မြည်းစရာကြွက်ကျော်တွေနဲ့
ရွှင်ပြကာဝိုင်းဖွဲ့ သောက်ကြတယ်
ကိုကြီးသံရေ......(သံသရာ)
နေညိုရင်ရွှေဘိုကိုလွမ်းလိုက်တာေ
ရာဇဖွား
14-8-2013
No comments:
Post a Comment