br />


မင်္ဂလာပါခင်ဗျာ ဒီ ဘလော့ဂ်လေးကိုလာရောက်ကြည့်ရူ့ကြသူအပေါင်းကို ကျနော် ရာဇဖွား မှ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

Sunday, June 22, 2014

မျက်ရည်စိုချွဲ

ရှေးအခါ
မျိုးမြန်မာ သာကီသွေးဟာမို့
တို့ဘာသာ သာသနာကိုတဲ့
ကြည်ညိုမဆုံး ။

ပြည့်ရှင်မင်း
တိုင်းရင်းသားတို့အပေါ်
သွေးရင်းပမာစောင့်ရှောက်ထားသော်ကြောင့်
ထိန်တောက်ခဲ့ဘုန်း ။

ယခုဆို
ဘယ်လိုသွေးဆိုးရောတာကြောင့်
တို့ဘာသာ သာသနာကို
ရက်စက်ကာ ညှင်းပန်းနှိပ်သလဲ ။

မကြည်သာ
ပြည်သူမှာ သောကဖြစ်ရတယ်
ကွယ်...မျက်ရည်စိုချွဲ ။   ။

ရာဇဖွား မန္တလေး

18-6-2014
6 : 16 PM


Posted via Blogaway

Tuesday, November 5, 2013

ချစ်ခြင်းတရားနှင့် ကြည့်သောမျက်ဝန်း



မင်းရဲ့မျက်ဝန်း
ခန့်တည်တဲ့ အကြည့်တစ်ချက်
စိတ် ရဲ့ ရင် တွင်းဒဏ်ဖြစ်
ရေပွက်က လေးတစ်ချက် ထပွက်ခဲ့တယ်...။်

ဖြူစင် ပါတယ် မင်းစိတ်
သိမ်ငယ်ခြင်းတွေ တမံကာထားပါ
ယိုကျတဲ့ စိတ်ငယ်ခြင်းတွေ
အခြားသူတွေ မမြင် ပါစေနဲ့ ကောင်လေးရေ...။

အမျိုးချစ်တဲ့စိတ်
ခေါင်းမာခြင်းတွေ မဖြစ်ဖို့
သတိပေးလိုက်ပါရ စေ
မင်းကိုပြိုကျမိတဲ့ မေတ္တာရေစီး
စိမ့်ရေဖြစ်ခဲ့တဲ့ ကျမ
အချစ်ကြောင့် ပြောနေမိတယ်
နိမိတ်တွေပြ စီးမလာတဲ့မေတ္တာ
ချစ်ခြင်းကိုသိလာမယ့်နေ့
စောင့်နေရင်းပြောပြ
ဒါတွေကို ကောင်လေး သိပါစေသား...။

ရာဇဖွား
1-11-2013
2:45 PM့

မာယာ-၉

နေလ ( န + ဧလ )
ဒေါသမထွက်
သွက်နေ သောလက်
အ ဖြေရခက်ခဲ့ပေါ့....။

ခေါင်းတစ်ခုလုံး မီးတောက်
ဆေးသောက်လည်း မ ပျောက်ဘူး...။

ရပ်တန့်မသွားသေးသောထွက်သက်
ဇွက်ထွက်ဖို့ကြိုးစား
ဦးနှောက်က တွန်းအားပေးနေတယ်...။

အ တွေးခက် အ ရေးခက်
အ ဖြေရခက်နေဆဲ
ဦးနှောက်ထဲ ဆိုးသွမ်းတဲ့
ဗိုင်းရပ်စ်ပိုးတစ်ကောင်
ခိုးဝင် လာခဲ့ပေါ့......။

ရာဇဖွား
2-11-2013
6:23 PM့

တစ်ခါက ညီမလေး

တစ်ခါက ညီမ လေးတစ်ယောက်
ကျနော် နေတဲ့မြို့ပြ အောက်ကို
သစ် ရွက် ခြောက်လို လွှင့်ကျလာခဲ့တယ်....။

ခါးသက်သက်
ရက်စွဲပေါင်းများစွာကို
အရက်ကိုတံတားခင်းပြီး
ဖြတ်လျှောက်သွားဖူးတယ်...။

အလွမ်းနေ့ရက်စွဲတို့
ပြက္ခဒိန်မှာပြည့်နက်နေခဲ့တယ်
နာရီသံစည်းချက်
သွက်နေသလားပဲ
အလဲထိုးတိုက်ခဲ့တဲ့စီးချင်း
ပြင်းထန်လွန်းခဲ့တယ်...။

ရာဇဖွား
5-11-2013
11:53 PM

Sunday, November 3, 2013

မာယာ-၇

ကံကြမ္မာဆိုးတွေ
ဇွတ်တိုးဝင်ရောက်လာတော့
ချွတ်ယွင်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတယ်...။

ငါ...မကြိုက်တဲ့ အရက်ကို
အခု..ကြိတ်မှိတ်ပြီးသောက်နေရတယ်...။
ပဒိုင်းသီးစားရင်
ရူးမယ်မှန်းသိလျက်နဲ့
မစားချင်ပဲ စားနေရတယ်...။

ကုန်းခန်းပါတော့ အရက်
ငါ..ဆက်ပြီး မသောက်ပါရစေနဲ့တော့...
သောက်လည်း မသောက်ချင်တော့ဘူး..။
မျိုးတုံးပါတော့ ပဒိုင်းသီး
ငါ..ငြီးငွေ့နေပြီ
ဆက်ပြီး မစားပါရစေနဲ့တော့...
စားလည်း မစားချင်တော့ဘူး...။

ရာဇဖွား
20-9-2013

မာယာ-၆

ငှက်ကြီးတောင်ဓါး သွေးထားသတဲ့
ပြောလိုက်သေးတယ်....
ဘာတဲ့.....
တွေ့ရာသင်္ချိုင်း ဓါးမဆိုင်းတဲ့
စကားသံတွေက အရိပ်တစ္ဆေလို
ခြောက်လှန့်စေခဲ့တယ်
ပြီးတော့...
ငါ့ရည်မှန်းချက်တွေကို
ချုပ်နှောင်ပြီး  သဲထဲရေသွန်ဖြစ်စေခဲ့တယ်....။

ငရဲပြည်ကို မဆင်းချင်စမ်းပါနဲ့တဲ့
သြော်....
ဘယ်သူဆင်းချင်ပါ့မလဲ
သို့ပေမယ့်...
ပုထုဇဉ်လူသားဆိုတော့
မခက်ပါလားကွယ်...။

ရာဇဖွား
22-8-2013

မာယာ-၅

ခေါက်ရိုးကျိုးနေတဲ့
ဝေါဟာရ ပညတ်တစ်ခုက
ချုပ်ကိုင် လွှမ်းမိုးထားတာကြောင့်
အသိစိတ်နဲ့ မသိစိတ်ကြားမှာ
မလုပ်သာ မလွန့်သာနဲ့
ချောင်ပိတ်ပြီး အရိုက်ခံရသလိုပါပဲ...။

ရင်ထဲမှာသံမှုရိုက်ထားသလို
စွဲကပ်တည်နေတဲ့ ပညတ်တစ်ခုကြောင့်
လူတိုင်းကြိုက်နှစ်သက်တဲ့
အာဟာရကို စားသုံးခွင့်မရခဲ့ဘူး
တကယ်တော့ လူဟာ လူပါပဲလေ...။

ရာဇဖွား
20-8-2013